INFORMATION
ADDRESS
:
No(SH-011), Thirianawyahtar (2)street, Thiriyadanar Shopping Complex,
NayPyiTaw, Myanmar .
EXPERTISE
งานเขื่อน ชลประทาน
งานตกแต่งภายนอก (ปรับปรุงภูมิทัศน์ งานสถาปัตย์)
งานถนน งานทาง
งานระบบ (ไฟฟ้า ประปา สุขาภิบาล)
งานรับเหมาเฉพาะ/งานก่อสร้างพิเศษ (ตอกเสาเข็ม มุงหลังคา อลูมิเนียม เทปูนผสม สระว่ายน้ำ ฯลฯ)
งานสะพาน ทางยกระดับ
บ้าน/อาคารที่อยู่อาศัย
รับเหมาก่อสร้างทั่วไป (มูลค่าโครงการน้อยกว่า 2 ล้านบาท)
รับเหมาก่อสร้างทั่วไป (มูลค่าโครงการมากกว่า 2 ล้านบาท)
สำนักงาน ศูนย์การค้า ศูนย์ประชุม โรงพยาบาล ศาลากลาง
อาคารโรงงาน
ကုမ္ပဏီအကြောင်း
Great Zawgyi Construction Co,.Ltd. သည် နောင်ရိုးနည်းပညာများ ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်အမည်ဖြင့် (2012) ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်းထားခဲ့သော နိုင်ငံသားဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ 2019 ခုနှစ် မေလ 20 ရက်နေ့တွင်Great Zawgyi Construction Co,.Ltd. အမည်သို့ ပြောင်းလဲထားသော နိုင်ငံသားဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် အစိုးရဆိုင်ရာ ၀န်ကြီးဌာနများ၏ တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ် များတွင်ပါ၀င် ယှဉ်ပြိုင် လုပ်ကိုင်ရာတွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသော တင်ဒါလုပ်ငန်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များ၊ နည်းဥပဒေများအတိုင်း လိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ပြီး ကျွမ်းကျင်သောဆောက်လုပ်ရေး ပညာရှင်များ ဖြင့်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ လိုအပ်သောဝန်ဆောင်မှုရှိပါက မိတ်ဖက် ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေး နိုင်သောကုမ္ပဏီဖြစ်ပါသည်။
ကုမ္ပဏီရည်ရွယ်ချက်
မြန်မာနိုင်ငံတွင်ရှိသောအစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၏ လိုအပ်သောနည်းပညာ လုပ်ငန်းများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်အကျိုးသက်ရောက်မှုရှိသော၀န်ဆောင်မှု အထောက်အပံ့များ ဆောင်ရွက်ပေးသွားနိုင်ရန် အတွက်ရည်ရွယ် ဆောင်ရွက်လျက်ရှိပါသည်။ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ကုမ္ပဏီအကျိုး၊ တိုင်းပြည်နှင့်လူမျိုးအကျိုးကိုသာ အလေးထား ဆောင်ရွက်သွားရန် ဖြစ်သည်။
ကုမ္ပဏီ၏ဆောင်ရွက်ပေးနိုင်မှု
တာဝန်ယူဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မှုရှိစွာ အသုံးပြု နိုင်ရန်၊ သုံးစွဲသူများ၏ လိုလားချက်များနှင့် ကိုက်ညီမှုရှိစေရန် အထူးဂရုပြုလုပ်ဆောင် သွားနိုင်ခြင်း။ မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၏ အရေးကြီးအဆောက်အဦ များတွင် လုံခြုံရေးနှင့်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာလုပ်ငန်းများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ပေးနိုင်ပါသည်။